နှုတ်ဆက်ခြင်း  

Posted by myooo.nyan in

နေရာဟောင်းလေးကို သတိတရနဲ့ နှုတ်ဆက်ရင်း... ကျွန်တော့်ရဲ့ဘလော့မိတ်ဆွေအပေါင်းသင်းများအားလုံးကို နေရာသစ်သို့ ဖိတ်ခေါ်လိုက်ပါရစေ.. အားလုံးကို အသစ်သစ်သောနေရာလေးက ဖိတ်ခေါ်လိုက်ပေမယ့် ဒီနေရာကို အဆင်မပြေရင်ပြန်လာမှာ... ကျွန်တော်အသစ်လေးဆီရောက်နိုင်တဲ့ လမ်းလေးကတော့... ဒီနေရာလေး... ပေါ့ဗျာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို လင့်ခ်ထားတဲ့သူငယ်ချင်းများလည်း http://myooonyan.co.cc/ ကိုပြောင်းပေးပါဦးဗျာ...

ဆက်လက်ဖတ်ရှုရန်...

လွမ်းညရက်ရှည်... အမေရေ...  

Posted by myooo.nyan in


အမေ.... ဘယ်ပြုဘူးကံ အကြောင်းတွေရယ်နဲ့
အမေနဲ့သားစည်းခြား အဝေးကြီးခွဲထားရတာလဲ..

အမေ့ကိုလွမ်းတဲ့စိတ်နဲ့ ယိုဖိတ်ခဲ့ရတဲ့မျက်ရေတွေ

မနည်းလှဘူးအမေရယ်..


တစ်ခါတစ်ခါတစ်ယောက်တည်းကြိတ်

တိတ်တိတ်လေးရယ်ပါ.....

အခါတစ်ရာမကတော့ပါဘူး အမေရယ်
တွေးလိုက်တိုင်း အမြင်တွေဝိုးတ၀ါး

မျက်ရေတွေ ခြားခြားနေခဲ့တယ်.....

ငယ်စဉ်ကကျောင်းပြန်လို့
အမေ့ကို မတွေ့ခဲ့ရင်တောင်မှ
ဝမ်းနည်းတတ်ခဲ့သူပါ..
အော်..ခုများတော့ဖြင့် အမေ့ရင်ခွင်မဆိုထား

ရွှေပြည်တော်တောင် စည်းခြားသွားခဲ့ပြီ...


ရွှေပြည်တော် ပြန်ဖို့အရေး ခပ်ရေးရေးတွေးဘယ်မမြင်

ဆွေးတယ်ရင် တကိုယ်တည်းမို့

ဘ၀ကကြမ်း လွမ်းရတာလည်းပင်ပန်းလှပါတယ်..

သားနဲ့အမေရှင်လျှက် ဒီတစ်သက်လုံးများကွဲနေမလားဟင်

အမေ့ကိုလွမ်းတဲ့စိတ်တွေ တစ်စစီစု
အမေများရဲ့အဝေးဆုံးသားတွေနဲ့ ထပ်တူပြုလို့
ဆုထူးတစ်ခုတောင်းတ ၀သုန်မြေစောင်းမှ ကြားစေသား............

ဆက်လက်ဖတ်ရှုရန်...

ပုလဲရတုအကြို မွေးနေ့ဆုတောင်း  

Posted by myooo.nyan in

သို့
သူငယ်ချင်း
မေကျော်ရေ.... အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပေမယ့် အဝေးဆုံးတွေမှာ ရှိနေကြတယ်နော်.. ဘာလိုလိုနဲ့ ဒီနေ့ဆို နင့်မွေးနေ့တောင်ရောက်ပေါ့.. အဝေးဆုံးမှာ ရှိနေတဲ့ငါက နင့်အနားက မွေးနေ့ အခမ်းနားကိုမရောက်နိုင်သော်လည်း နင့်ကိုစား နင့်မွေးနေ့လေးကိုတော့ ဒီဘလော့လေးမှာ ငါကျင်းပ လိုက်တယ်... ထို့နည်းတူ ငါရဲ့ရင်နဲ့ဖြစ်တည်ထားတဲ့ ကဗျာတစ်ပုဒ်ကို နင့်အတွက် လက်ဆောင်အဖြစ်ပါး လိုက်ပါရစေ.. အငြိမ်းချမ်းဆုံးစိတ်အာရုံကို နှလုံးသွင်းလို့ နင့်မွေးနေ့မှစ၍ သောကကင်းဝေးစွာနဲ့ အေးချမ်း သာယာတဲ့ ဘ၀လေးတစ်ခုနဲ့ နင် အမြဲဖြတ်သန်းနိုင်ပါစေသား................ ဒီကဗျာလေးကိုလည်း နင့်မွေးနေ့အတွက် ရည်စူးရေးခဲ့သလို ငါ့ရဲ့ ဘလော့လေးကို လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ငါက နင့်ကိုစား ကဗျာဒါနကုသိုလ်လေးနဲ့ ဧည့်ခံလိုက်ပါရစေ.. အဝေးဆုံးက သူငယ်ချင်းရေ... ထာဝရပျော်ရွှင်နိုင်ပါစေသား.........



ပုလဲရတုအကြိုမွေးနေ့ဆုမွန်လွှာ

သုခ၊ ဒုက္ခ၊ အနတ္တ စုံလှတဲ့လောကဓံကို
နင်တစ်ယောက် အောင်ပွဲခံခဲ့တာ
အခုဆို ပုလဲရတုကတောင်လက်ပြ

လစ်ဟလို့ကြိုဆိုလိုက်ပြီနော်

ပြီးဆုံးခဲ့တဲ့ အတိတ်ကို အသေချာထုပ်ပိုး
နင်လျှောက်ခဲ့တဲ့ ကျောရိုးတလျောက်

မှတ်သားလောက်စရာတွေရင်ဝယ်ပိုက်

ရှေ့ဆက်လိုက်တဲ့ခြေလှမ်း
ပန်းခင်းလမ်းပဲဖြစ်ပါစေ..

နွေကိုရောက်အေးချမ်းစေ
မိုးရောက်သော် လန်းဆန်းစေ
ဆောင်းရိုးတစ်လျှောက် နွေးစေသား

မနည်းလှတဲ့ ဆယ်စုနှစ်ပါလား
မလဲရအောင် ကိုယ့်ကိုယ်ကိုအားကို
ဘ၀ကို နင်စီးချင်းထိုးခဲ့တယ်ပေါ့..


တစ်ခါတစ်ခါနွမ်း ဘ၀မှာ ပန်းလာခဲ့ရင်
စိတ်ဓါတ်ကိုတည့်မတ် ရဲရဲသာဖြစ်ပစ်လိုက်

နင်ဘေးကငါတို့တွေ နင့်အဝေးမှာရောက်နေတိုင်း
ရွှေအားရယ်မငယ်လေနဲ့...
တွေ့ဆုံကြုံကွဲ လောကဓမ္မတာတရားထဲမှာ
အခုဆို နင့်အသက်တောင် တစ်နှစ်တိုးပေါ့..


ဖြတ်သန်းလာရတဲ့လမ်းတစ်လွှား
လောကကို သစ္စာထား
မေတ္တာ တရားပွားများနိုင်စေ
ထားရှိဘူးတဲ့ ကုသိုလ် စုဗူးလေးကိုဖောက်
အားလုံးသောက်ရအောင် အမျှဝေ

နင်လည်းပဲ ငြိမ်းချမ်းစေသား.....


ကဲ အခုဆို နင့်အပြုံးတွေက
လွန်ခဲ့တဲ့ နှစ်ကထက်တောင်
ရင့်ကျက်ပြီး လတ်ဆတ်နေဆဲ...
ငါကျေနပ်မြဲပါ....

မတူညီတဲ့လောကသရုပ်ကို ခွဲခြားပိုင်းသိ
ကိုယ့်ကိုယ်ကို သတိရှိတဲ့နင်

ငါ.. ပီပြင်စွာမြင်လိုက်တယ်...


အဲဒီလိုဖြတ်သန်းလာတဲ့ ဘ၀အနုသုခုမထဲမှာ
သာယာခြင်းတွေ စံစားပြီးသကာက
ဇရာနဲ့ဘ၀ကိုတွေး ခပ်ရေးရေးမြင်ပြီဆိုရင်

သမုဒယတွေအဆုံးသတ် အဲဒီမှာ တစ်ခန်းရပ်ခဲ့.....


ပြောင်းလဲမှုတွေများပြား
လောကသဘာဝတရားထဲက လူ့ဘဝ
နင်ဘယ်တော့မှ ပြန်မလာရအောင်

ပြုခဲ့ဘူးသမျှ ဘာဝနာကိုရှေးရှု
နင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေသား...


ဒီဘလော့လေးကို လာလည်ရင်း ဒီကဗျာလေး ဖတ်မိကြသူအားလုံးသော သူငယ်ချင်းများ မွေးနေ့ရှင် မမေမြတ်ကျော်နှင့်အတူ ထာဝရငြိမ်းချမ်းပါစေသားလို့ ဆုမွန်းကောင်းပို့သလျှက်...........

ဆက်လက်ဖတ်ရှုရန်...

အိပ်မက်တရေးနိုး  

Posted by myooo.nyan


အလွမ်းနဲ့ပန်းပျိုး
ကျမ်းကိုးစောင်လောက်ဖွဲ့ချင်ရဲ့
အမှတ်တရ သရုပ်ပြ ခဏခဏပြန်မြင်နေတယ်..
ရင်ထဲမှာ လှုပ်ခတ်သွားဖူးတယ်
အပြင်းစားပဲ.....


ရစ်ချက်တာစကေးတွက်ချိန်မရ

ဒုန်းကနဲတက် ၀ုန်းကနဲကျ

အား.... နှလုံးသားသရဲစားသွားတယ်.


ဝဲကနဲ တက်လာတဲ့မျက်ဝန်းထဲ
ချော်ရည်တွေ အလိပ်လိုက်

ပါးတစ်ဝိုက် မြစ်ကျိုးအင်းဖွဲ့
ရင်ထဲထိတောက်လျှောက်လောင်ကျွမ်း
ဟား......... အသဲတစ်ခြမ်းမရှိတော့ဘူး...

ဟိုက်.. မဖြစ်ချေဘူး..

ရင်ခွင်ကို ကျစ်နေအောင်ပိုက်

အသဲကိုသေချာထုပ်ပိုး

အဝေးဆုံးက မြို့ရိုးတ၀ိုက်

အားစိုက်ကာပြေးဦးမှ

နားထဲမှာကြားလိုက်တယ်

တောင်ပံတွေဖလပ်ဖလပ်

တရှပ်ရှပ်ခြေသံတွေ
လွှားကနဲအပြေး ဝေါကနဲအမှောက်
သူ့ရှေ့ရောက် ဒူးထောက်လျှက်သား..


"တောက်" တစ်ချက် ခပ်ပြင်းပြင်းပဲ

နှုတ်ဖြားက ပွင့်အံမလာဘူး

ရင်ထဲမှာ ဂလိုင်ခေါက်သွားတယ်..

ကျန်ခဲ့တဲ့ တစ်ခြမ်း လန့်များကွဲဦးမလား..


တစစ်စစ်နာကျဉ်လွန်းလို့
ဝိုးတ၀ါးအထ အိပ်မက်ကလန့်နိုးလာတယ်..
ရင်ဘတ်ကိုပွတ်ကြည့်တော့
အပြစ်အနာအဆာမရှိ ပကတိအတိုင်းပဲ..

ဟူး... တော်ပါသေးရဲ့

ဆက်လက်ဖတ်ရှုရန်...

ဝါဆိုချောင်းခြား  

Posted by myooo.nyan in


ရာသီချိန်ရေတွေဖွေး
လေပြေလည်းအေးလှတယ်.။

ပန်းမွှေးတဲ့ဝါဆို
သပြေတွေတောင် ညိုကုန်ပေါ့

တောင်ဆီကမဲ ၀ဲကနဲတက်လာတဲ့ကိုမိုးညို
ချိန်းဆိုကာ ဟစ်ကာမကြူးလိုက်ပါနဲ့
သည်းလှိုက်လို့ဖို...

ရိုးတခွင်ကိုရေစီးရယ်က
ဒေါသူပုန်ထကာ အပြေးလာသော့တယ်

ပန်းရွှေမိကျောင်းရယ်ခမျာမှာတော့ လူးလွန့်ကာရုန်း
ပန်းစုံညီ ယိမ်းကာနွဲ့

အလှဖွဲ့လ၀ါဆို

လွမ်းတေးရယ် မဆိုအားသော်လည်း

ညိုအနား တိမ်ကြားမှာ မျက်ရည်စုတယ်

သဲသဲလုငို.....

ရွှဲရွှဲရယ်စို ခမောက်အိုတစ်လုံးရယ်နဲ့
ယာတောက မောင်အပြန်

ချောင်းရေကလျှံ
ီဒီချောင်းရေ ပြန်မကျရင်ဖြင့်
ပျိုတို့မောင် ဒီတစ်ည ခက်ရချည်သေး....

နေအညို မေပျိုမှာမျှော်ရှာပေါ့..

ကိုလူပျိုခြေဗွေဖောက် ဘယ်ပျောက်နေလဲ
စိုးစိတ်ရဲ့ပို ရိုးထိပ်မှမယ်ထွက်မျှော်တော့

ပျိုတို့မောင် ခမောက်တလုံးရယ်နှင့် ငုတ်တုတ်ကွဲ့လေး..

ပျိုတို့မောင် မေ့ကိုမြင်တော့
ချောင်းအခွင် ခါးစောင်းတင်ကူးမယ်ပ

ဟန်ရေးပြဆို..
မလုပ်နဲ့ ကိုလူပျို ချောင်းရေကဆို

ချောင်းရေလွှာ ဖြူဖြူဖွေး ဟီးလိုက်ချည်သေး...


ပန်းမွှေးတဲ့လ၀ါဆို
ညအခါတကိုယ်တည်းမို့

ချောင်းရေလွှာ တစ်ဘက်ကမ်းမှာ

ပျိုတို့မောင်ရင်မှာနွမ်း မြင်လှည့်ချင်စမ်း.....

ခဏခဏနွေလို့ပြောတဲ့.........

မဟန်နီ ရေ ဒီတစ်ခါတော့ ကျွန်တော်မိုးကူးလိုက်ပြီဗျ... အမှတ်ရစေအောင် သတိပေးသွားတာ ကျေးဇူးပါ... ဒါပေမယ့် ကံကြမ္မာက ကျွန်တော့်ကို မိုးမှာလဲ လွမ်းစေတာပဲဗျ.. မိုးတစ်ည အမှတ်တရပေါ့ဗျာ.. ဟိုးတစ်ချိန် မိုးညက ကိုယ်တွေ့လေးပေါ့.....

ဆက်လက်ဖတ်ရှုရန်...

သူသိပါစေ  

Posted by myooo.nyan in


နွေဦးရောက်ခါ
ရော်ရွက်ဝါတို့

မြေမှာပြန့်လျော

ရွက်ကြွေတောလည်း

လွင့်မျောငေးမောရှိဖူး၏.........


ပုလဲသဏ္ဌန် မိုးစက်မှန်၍
ပင်ယံထက်ဆီ ဖူးပွင့်စီတဲ့
ရာသီချိန်လည်း တစ်ယောက်တည်းမို့
ကြေကွဲဝမ်းနည်းရှိဖူး၏......

သဇင်ပွင့်ဖူး ဆောင်းအကူးမှာ
လေရူးကသုန် နှင်းဝတ်မှုန်ကြား
ကိုရောက်သွားခိုက် ရင်မှာလှိုက်၍
ငိုရှိုက်တာလည်း ရှိဖူး၏.......

ရာသီတွေပြောင်း မိုးလနှောင်း၍
ဆောင်းပဲနေနေ နွေကိုရောက်ရောက်
မေ.. တစ်ယောက်သာ ရောက်မလာ
ထို တဒင်္ဂ.. အို......သောက...

ဆက်လက်ဖတ်ရှုရန်...

ယသော်ဓယာတမ်းချင်း  

Posted by myooo.nyan in


မေတ္တာသွန်းမြှား မယ်တော့အပါးနတ်ထံသွားအောင်
စွမ်းလွန်းအရှင်အများမြင်တယ်
တင်းတိမ်ကွယ် နှလုံးငယ်အရာဟောင်းကို
ရောင်မဲ့ ကိုယ်ပွားငယ်စူးနဲ့တွယ်လို့ အကျွန်ပဲသိတယ်....
ယှဉ်တွဲနှစ်ကိုယ် နန်းရိပ်ခိုလို့ ပျော်ခွင့် (၁၃)ရာသီက
ပုထုစဉ်နှမတွေးဝယ် တမတ်တာမျှမရှိဘူးရယ်..

ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..

အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်...

အနုငယ်ရှေးအစ ဆုထူးပန်ဘ၀ကတည်းက
ငါးခိုင်ကြာမျှဝေလို့ ပေးဆပ်မှုတွေနဲ့ချစ်ရသူပါမောင်..

သံယောဇဉ် အသင်္ချေ မမြင်နေစေတော့သခင်
ပစ္စုပ္ပန်မေတ္တာရဲ့ ငဲ့ကွက်တဲ့ နှုတ်ဆက်အနမ်းကို
ခံစားချင်စမ်းတယ်..

ခွန်းမသနိုင်တဲ့ ရိုင်းကြမ္မာငင် အံကြိတ်ရင်ခွင်
နှလုံးတခွင်မှာတော့ မျက်ရည်မိုးစွေမဆုံးတယ်..
တကြောသံသယာမျောဖော် ဆန္ဒလောက်သော်မျှအခွင့်မရသူ
ကန္တိကကိုကျောသပ်လို့ ပြောမထွက်တဲ့ဝမ်းနည်းမှုတွေနဲ့
အနော်မာဟိုဘက်ကမ်းမှာ နှလုံးကွဲကျန်ပါစေ
ရဲသွေးယို ခြေလှမ်းနဲ့ ဖ၀ါးထပ်ချပ်လိုက်ချင်တယ်...

တရိပ်ခို သယမ္ဘူလွတ်ကြောင်းကို
မခွာအတူရေစုံကမ်းလို့
ပန်းခြားအကြင်နာနဲ့ ပါရမီဝန်တော်ထမ်းလိုတယ်...
ဒွေးတော်အနမ်း အမောင်တမ်းသလို သွေးတော်ကိုဖြစ်ခံနိုင်ဘူး
ဆန္ဒတော်မျိုသိပ်လျက်နဲ့ တိတ်တိတ်လေး ကျန်ခဲ့ရတယ်..

ဖြည့်ဆည်းနေကျအသင်္ချေ အခွင့်သွေအဆုံးသတ်မှာ
လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ..
ခွင့်မကြုံအပြုံးနဲ့ငိုလို့ လမ်းဆုံးမှာရပ်ကျန်ခဲ့ဘူး
မောင်တောပျော်သလို နန်းတော်ကမယွင်းတူတယ်...

ရွှေပြည်တော်မြန်း လှမ်းတဲ့အ၀င်ခရီးမှာ
မောင့်ရိပ်တိုင်းလို မေတကိုယ်သာလျှင်ဖြစ်ချင်တယ်...
မောင်... အနေကဇာဂါထာကျူးတော့
အပါးက သာဓုခေါ်ခွင့်မရတာ တစ်သက်တာမျှမချိဘူးမောင်....

ဆက်လက်ဖတ်ရှုရန်...

သူတို့အမြင်လေးများ


email ဖြင့်ဖတ်ချင်လျှင်

Enter your email address:

Delivered by FeedBurner

Contributors

My Photo
Myo Oo Nyan
သောကကင်းဝေးစွာ လောကမှာရှင်သန်နိုင်ကြပါစေသား...
View my complete profile

Weather of Yangon

Archives

RANKING

Slideshow

Loading...

Search This Blog

Loading...

ပြောခဲ့သမျှ


FeedBurner FeedCount

Desing By